Search This Blog

Tuesday, August 2, 2016

မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......



ဝိဇာတ ဟပ်ပီးပတ္ထနာ
-----------------------

ပျော်ရွှင်ဖွယ် မွေးနေ့ဟု ကမ္ဘာ့လူသားတို့ ဆိုကုန်၏။
ကမ္ဘာသုံး ဘာသာစကားဖြင့် ဟပ်ပီးဘတ်ဒေးဟု သီးကျူးကုန်၏။
ဤဖေကိုယ်ညကား ဟပ်ပီးဘတ်ဒေးဟူသော ဆုတောင်းခြွေသံဖြင့်
အကျွမ်းမ၀င်ကုန်။

ရှင်တော်ဗုဒ္ဓ မြွက်ကြားသည့် ဓမ္မစက္ကဒေသနာ၌ #ဇာတိပိ ဒုက္ခာ
#မရဏမ္ပိ ဒုက္ခံ ဟု ပါဠိအလာရှိေ၏။ အနက်ပြန်ကြားရသော်
မွေးဖွားခြင်းသည်လည်း ဆင်းရဲပေ၏။ ထိုနည်းတူစွာ
သေဆုံးရခြင်းကလည်း ဆင်းရဲပင်တည်း။ ထိုသို့ ကျမ်းဂန်ပါဠိ
လာရှိရကား အနောက်တိုင်းသားတို့ထံမှ လွင့်ဝဲလာချေသော
(ပျော်ရွှင်ဖွယ်မွေးနေ့) နှင့် ရှင်တော်ဗုဒ္ဓ၏ (မွေးဖွားရခြင်းဆင်းရဲ)
တို့မှာ ဆန့်ကြင်လျက်ပင် ရှိနေချေ၏။ ထို့ကြောင့် ဟပ်ပီးဘတ်ဒေးဟု
မြွက်ဆို ဆုတောင်းရမည့် အရေး၌ နှစ်ဆယ့်တစ်ရာစုသား
ဤဖေကိုယ်ညမှာ မ၀ံ့ရဲသလို ရှိချေ၏။

ထိုသို့ပင် အကြောင်းခြင်းရာတို့ ရှိသော်လည်း ခေတ်နှင့်လည်း
လျှော်ညီအောင် ဓမ္မဒေသနာနှင့်လည်း ကိုက်ညီစေအောင်
မွေးနေ့ကို အကြောင်းအာရုံပြုကာ ကုသိုလ်ပီတိတို့ကို
တိုးပွားသည်ထက် တိုးပွားစေပြီး ဘ၀ခရီးခဲ သံသရာခရီးခဲတို့ကို
အောင်မြင်စွာ ကျော်ဖြတ်နိုင်စေသော်ဝ်ဟု ဆုတောင်းပတ္ထနာ
ပြုအပ်ပေ၏။

 အမိဝမ်းမှ ကျွတ်ထွက်လာသည့်နေ့ကို အစွဲပြု၍ မွေးနေ့ဟု
သတ်မှတ်အပ်သော ဤနေ့ဤရက်မှ သုသာန်တစ သချုင်္ိင်းဝ
ရောက်သော သေနေ့တိုင်အောင် ဘ၀လမ်းခရီး၌ ကုသိုလ်ပီတိ
(ကောင်းကျိုးပေးတတ်သော ပျော်ရွှင်ခြင်း) ကို အကြောင်းပြု၍
ကာယသုခ စိတ္တသုခ  - ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့်
ပြည့်စုံပါစေသော်ဝ်  . . .။

No comments:

Post a Comment