Search This Blog

Tuesday, August 2, 2016



စကားပြောတဲ့သော့ကို ကျွန်တော်ဖျောက်ပစ်လိုက်တယ်၊

သော့ပြင်သမားက သူမတတ်နိုင်ကြောင်း ခေါင်းခါပြတယ်၊

တီဗီရှေ့မှာ အင်တာဗျူးသူရဲ့အမေးကို

ကျွန်တော်တတ်နိုင်သလောက် ကြိုးစားပြီးဖြေနေတယ်။

သူကပြောတယ်...

လူတစ်ချို့က ဦးနှောက်ရဲ့သော့ကို ဖျောက်လိုက်ကြတယ်၊

လူတစ်ချို့က မျက်စိ သို့မဟုတ် နားရဲ့သော့ကို ဖျောက်လိုက်ကြတယ်၊

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အ,သွားစေတဲ့

စကားပြောသော့ကို မပျောက်အောင်တော့ လူတွေကသတိထားကြတယ်။

စကားပြောတဲ့သော့ကို ကျွန်တော် တမင်ဖျောက်လိုက်တဲ့နောက်

မြို့ရဲ့ ထောင့်တစ်နေရာမှာ

မနားတမ်းအော်နေတဲ့ ဖားတစ်ကောင် တိုးလာခဲ့တယ်။

-----

ထိုင်ဝမ်စာရေးဆရာ ပန်းချီဆရာ Jummy (幾米) ရဲ့စကားလုံးနဲ့ ပန်းချီဖြစ်ပါတယ်.. မျှဝေပါတယ်။
.



မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment