Search This Blog

Tuesday, August 2, 2016

ကံတရားသွားဝယ်တဲ့ ကောင်မလေး



ကံတရား သွားဝယ်ခဲ့တဲ့ ကောင်မလေး
------------------------------------------------
တကယ့်အဖြစ် အပျက်လေး တစ်ခု

၈နှစ်အရွယ် ကောင်မလေး ကအိပ်ခန်းထဲကနေ မအိပ်သေးတဲ့မိဘတွေရဲ့ တိုးတိုး စကားပြောသံကြားနေရပါတယ်။
သူမ မှာမောင်လေးတစ်ယောက်ရှိတယ် သူအပြင်းအထန်ဖျားနေပါတယ်။
ဆေးဖိုးကြောင့် ယခင်နေတဲ့ အိမ်ကိုရောင်းပြီး
အိမ်သေးသေးလေး ငှါးနေကြပါတယ်။

မေမေက မျက်ရည်လေးနဲ့သား ကိုကံတရားကပဲ
ကူညီနိင်တော့မယ်ထင်ပါတယ်လို့ ပြောနေတာကို ကြားလိုက်ရတော့  သူမ
စုဘူးထဲက ပိုက်ဆံတွေကို ဖောက်ပြီး အိမ်ရဲ့အနီးဆုံး ဆေးဆိုင်ကို ကံတရားဝယ်ဖို့ မိဘတွေမသိအောင် ခိုးသွားခဲ့ပါတယ်။

"မမ သမီးကို ကံတရားရောင်းပေးပါ "
'"မမတို့ဆိုင်မှာကံတရား မရောင်းဘူးကွဲ့...."
လို့ အရောင်းစာရေးမက အံ့သြမူနဲ့ တစ်ဆက်တည်း ပြုံးပြီးပြန်ဖြေတယ်။
"မဟုတ်ဘူး ....မေမေကပြောတယ် မောင်လေးကို
ကံတရားကပဲ ကယ်တင်နိင်လိမ့်မယ်တဲ့...
မောင်လေး အရမ်းဖျားနေတယ် ၊ သမီးမှာပိုက်ဆံရှိတယ်
မလောက်ရင် သမီးထပ်ရှာလို့ရသေးတယ်"
 အရောင်းစာရေးမက သနားဖွယ်ရာ ဂရုဏာအကြည့်နဲ့ကြည့်နေစဉ်မှာ ဘေးက
လူကြီးတစ်ယောက်ကနေ....

" သမီးမှာ ပိုက်ဆံဘယ်လောက်ရှိတုန်း ကံတရားကိုဝယ်ဖို့က....."
"သမီး မှာ၁ထောင် ရှိပါတယ်၊ မလောက်ရင် သမီး ထပ်ရှာနိင်ပါတယ် "
"ကဲ..သမီး မောင်လေးရှိတဲ့ နေရာကိုခေါ်ပြ၊ဦးမှာ
ရှိတဲ့ ကံတရားက သမီး မောင်လေးကို
ကယ်တင်နိင်ကောင်း နိင်လိမ့်မယ် "
ကျနော် တက်ကြွတဲ့ခြေလှမ်းနဲ့ ခေါ်လာခဲ့ပါတယ်။

အိမ်ရောက်တော့ လူကြီးက ကောင်မလေး မိဘတွေကိုပြောပါတယ်။
ကလေးရဲ့ ဦးနှောက်မှာ အကျိတ်ရှိနေတယ်။
သူက ဦးနှောက်အထူးကုဆရာဝန်ပါတဲ့။မောင်လေးကို ဆေးရုံ တင်ပြီး အခမဲ့ခွဲစိတ်ပေးခဲ့ပါတယ်။ကောင်မလေး တို့မိသားစုကို ကံတရားက
ကူညီပေးခဲ့လို့ ပြန်လည်းပျော်ရွင်ကြရပါတယ်။

တစ်ခါတစ်ရံ မှာ ကံတရားက ဆန်းကျယ်လှပါတယ်။
ဒါပေမယ့် ကံ ကိုစောင့်နေလို့ ကံ က ကိုယ့်ကို
ကယ်တင်မည်မဟုတ်ပါ..။
လုံလလည်း စိုက်အုံးမှ ကိုယ်လိုချင်တာဖြစ်မှာပါ။

Credit-သုတစွယ်စုံ ကျမ်း



မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment