Search This Blog

Tuesday, August 2, 2016

အသားကပ်ဘောင်းဘီ လျော်မယ်ဆို



"အသားကပ်ဘောင်းဘီ လျှော်မယ်ဆိုရင်"

အခုခေတ်က အသားကပ်ဘောင်းဘီ၊ ခြေအိတ်ခေတ် ဖြစ်လာပါတယ်။ တချို့ဆိုရင် ဒီအသားကပ် ခြေအိတ်တွေ၊ ဘောင်းဘီတွေ ဝယ်ဖို့အတွက် ပိုက်ဆံမြောက်များစွာ အသုံးပြုကြပါတယ်။ ဒါ့ကြောင့် ကြာရှည်ခံအောင် ဂရုစိုက် ထိန်းသိမ်းသွားဖို့  အရေးကြီးပါတယ်။ ဒီအသားကပ် အဝတ်စားတွေ လျှော်ဖွတ်ရတာ မခက်ခဲပေမယ့် အနည်းငယ် ဂရုထိန်းသိမ်းခြင်းတော့ အထူးလိုအပ်ပါတယ်။ သင့်အသားကပ်ဘောင်းဘီကို ဘယ်နှစ်ကြိမ်လျှော်ပါသလဲ။ တချို့က တစ်ခါဝတ်ပြီးတိုင်း လျှော်ပေးသင့်တယ်လို့ ယူဆကြပြီး တချို့က ပိုမိုပျက်စီးလွယ်စေတယ်လို့ ဆိုကြပါတယ်။ ဘယ်လို လျှော်ပေးသင့်လဲဆိုတာတော့

စက်နဲ့လျှော်ခြင်း

အသားကပ်ဘောင်းဘီကို အဝတ်လျှော်စက်ထဲ ထည့်ပြီး စက်ကို ဖြည်းညင်းစွာ လည်ပတ်အောင် ချိန်ညှိပေးပါ။ ရေအေး သို့မဟုတ် ရေနွေး အသုံးပြုပါ။ ဒီနည်းဖြင့် အရောင်နဲ့ ဘောင်းဘီကို မပျက်စီးအောင် ထိန်းသိမ်းပေးပါလိမ့်မယ်။ ဆပ်ပြာမှုန့်ပျော့ပျော့လေးတွေ အသုံးပြုပါ။ စက်လည်လို့ ပြီးသွားရင် ဘောင်းဘီ ပြန်ထုတ်ပြီး ပြန့်လှန်း သို့မဟုတ် ချိတ်နဲ့ ချိတ်လှန်း ရပါမယ်။

လက်ဖြင့်လျှော်ခြင်း

ရေဇလုံ သန့်ရှင်းအောင် သေချာဂရုစိုက်ပါ။ ဇလုံကို ရေနွေးဖြည့်ပြီး အသားကပ်ဘောင်းဘီကို ရေထဲနှစ်စိမ်လိုက်ပါ။ ဆပ်ပြာမှုန့်အပျော့တစ်ခုခုထည့်ပြီး ညင်သာစွာ ပွတ်တိုက်ပါ။ ဆပ်ပြာတွေ မစင်မချင်း ရေဖြင့်ဆေးချပါ။ရေတွေကို ဖြည်းဖြည်းချင်းပဲ ညှစ်ထုတ်ပါ။ ရေတွေအကုန်နည်းပါး ညှစ်ထုတ်ပြီးသွားပြီဆိုရင် ပြန့်လှန်း သို့မဟုတ် ချိတ်ဖြင့် လှန်းပေးပါ။

Trend Myanmar

#ဘူးပါတီအမျိုးသမီး








မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment