Search This Blog

Tuesday, August 2, 2016

LGBT အကြောင်းသိကောင်းစရာ




#LGBT ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပီး လူသိနည်းနေတယ် ထင်လို့ .. မသိသေးတဲ့လူတွေအတွက်လဲ သိသလောက်လေး နည်းနည်း ရှင်းပြချင်လို့ပါ ..

အရင်ဆုံး LGBT ဆိုတဲ့ ခေါင်းစဉ်ရဲ့ အဓိပ္ပါယ် ကိုတော်တော်များများ သိဖူးကြားဖူးကြမှာပါ .
L ဆိုတာ Lesbians, G ဆိုတာ Gays , B ဆိုတာ Bisexual,  T ဆိုတာ Transgender ပါ...

#Lesbians ဆိုတာကတော့ရှင်းပါတယ် မိန်းခလေးချင်း သဘောကျတဲ့သူပေါ့ ..

#Gay ကျတော့ နည်းနည်းရှုတ်တယ် ..သူ့မှာ Homo,Ladyboy,Shemale ဆိုပီးတော့  ခေါင်းစဉ်ခွဲတွေ ထပ်ရှိသေးတာပေါ့နော်..
#Homo ကဆိုတာက ယောက်ျားလေးသဘာဝအတိုင်းနေတယ်ထိုင်တယ်ပြောဆိုတယ် .. ဒါပေမဲ့ ဆန့်ကျင်ဘက်လိင်ကို လုံးဝ စိတ်မ၀င်စားဘဲ .. ယောက်ျားလေးချင်းစိတ်ဝင်စားတာ..
#Ladyboy နဲ့ Shemale ဘာကွာလည်းဆိုတော့
သိပ်မကွာပါဘူး .. ဒမဲ့ Ladyboy ဆိုတဲ့ အသုံးအနှုန်းကို Asian နိုင်ငံတွေဘက်မှာ ပိုသုံးကြတယ် .. တချို့ကြတော့လည်း ငယ်ရွယ်တဲ့သူ ..sex လုံးဝ မပြောင်းရသေးတဲ့ သူတွေကို ဆိုလိုတာပေါ့်နော် ... အဲ့ Ladyboy မှာ ပဲ .. #Change_Dress ဆိုတာရှိသေးတယ် .. သူကတော့ နည်းပါတယ် .. မိန်းခလေးလိုနေလိုက် ယောက်ျားလေးလို နေလိုက်ပေါ့ .. စိတ်ကတော့ မိန်းခလေးစိတ်ပါပဲ..
#Shemale ကျတော့ သူက မိန်းခလေးလို လုံးဝနေလိုက်ပီးတော့ sex change ဖို့ကြိုးစားနေသူ ဒါမှမဟုတ် တ၀က်တပျက် Change ပီးသူကိုဆိုလိုတာ .. ဥပမာ .. ရင်သားပဲ ပြောင်းပီး အောက်ပိုင်း မပြောင်းရသေးတဲ့ သူပေါ့..
(တစ်ခုလောက်ထပ်ပီးမှာချင်တာက.. Gay တို့ Shemale တို့ကို သိချင်တဲ့အခါ Google မှာ ရိုက်ရှာကြည့်ရင်တော့ အမှားကြီးမှားပါလိမ့်မယ် .. ဘာလို့လဲဆိုတော့ ကြေးစားGay တွေက သူတို့ရဲ့ပစ္စည်းကိုဖျော်ဖြေမှု တခုအနေနဲ့ ထုတ်ဖော်ပြထားကြလို့ပါ.. တချို့18+ကားတွေထဲမှတောင် ပြန်ပီးsex ပေးကြတာ တွေ့ရပါတယ်..ဒမဲ့ အဲ့တာမျိုးက ဒီနိုင်ငံမှာမရှိသလောက်ရှားပါတယ်..တချို့တွေဆို ပြန်sex ဖို့နေသာသာ ပြဖို့တောင်အရှက်ကြီးတဲ့သူတွေပါ ..ပီးတော့ Hormone ပြောင်းနေတဲ့အတွက်ကြောင့် အဲ့ပစ္စည်းက အလုပ်လုပ်နိုင်ချေ  နည်းသွားပါပီ ...ဒါကြောင့်  Shemale တို့Layboyတို့ ဆိုတဲ့ အသံကြားလိုက်တာနဲ့ ပစ္စည်းတရမ်း၂ကြီးနဲ့လား
ပြန်လုပ်မှာလားဆိုပီး မစိုးရိမ်ကြပါနဲ့လို့ 😁 )

#Bisexual ကျတော့ OP အနေနဲ့ပြောရမယ်ဆို တော်တော်နှာကြီးတဲ့ စိတ်ရှိတဲ့ အမျိုးအစား ပါ.. 😁.. သူက ဘာလာလာ အဆင်ပြေတယ် ... လိင်တူကော ဆန့်ကျင်ဘက်လိင်ကော ကြိုက်နှစ်သက်တဲ့သူမျိုးပါ ..

#Transgender ကတော့ ရှင်းပါတယ် .. ယောက်ျားကမိန်းမ / မိန်းမကယောက်ျား .. လုံးဝ sex change လိုက်တဲ့ သူမျိုးပါ ..အရင်ကတော့ Gay ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရှိပေမဲ့ ခုနောက်ပိုင်းမှ အမျိုးအစား တစ်ခုအနေနဲ့ ခွဲထုတ်ထားတါပါ ...

နောက်ဆုံးပြောချင်တာကတော့ ဒီ LGBT ဆိုတဲ့ နိုင်ငံတကာကလက်ခံနေပီဖြစ်တဲ့ Third sex အမျိုးအစားကို ကိုယ်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ..မခွဲခြားကြပါနဲ့ တဆင့်မနှိမ်ကြပါနဲ့ .. လူအချင်းချင်း လူကိုလူလိုပဲ လူပီသစွာ ဆက်ဆံပေးကြပါလို့.......... ☺




မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment