Search This Blog

Tuesday, August 2, 2016

ရေသန့်ကိုမှ သောက်ချင်ကြတဲ့သူတွေ အတွက်



ရေ ကို တမိနစ် ဆူပွက်ကြို ချက်နည်းလိုဘဲ ဘက်တီးရီးယား ဗိုင်းယပ်စ် ကို သေစေ နိုင်တဲ့ နောက်တနည်းက
ကြည်လင်တဲ့ရေကို ရေသန့်ဘူးထဲထည့်ြ့ပီးနေလှမ်းတဲ့နည်းဘဲဖြစ်ပါတယ်။

ရေသန့်ဘူး ဟာ လည်း ကြည်နေရမယ်။
အစင်းကြောင်းတွေ မရှိစေရဘူး။
မှုန်တီမှုန်ဝါးဖြစ်မနေတဲ့ ရေသန့်ဘူး အဟောင်းပေါ့။
တနေ့တာ လူတဦးအတွက် ၂လီတာလိုတော့ ၁လီတာဘူး ၂လုံး လိုတာပေါ့။
သောက်လို့ဖြစ်တဲ့ ရေကို ဘူးထဲမှာထည့် ပြီးတော့
တနေကုန်နေပူတဲ့ နေရာမှာ စဉ် လေးတခုပေါ် ကိုတင်ပြီး နေလှမ်းထားလိုက်ရင် ညနေ စောင်းတာနဲ့ ရေဘူးထဲမှုာရှိတဲ့ ရေ ဟာ ၉၉ % သန့်စင်သွားပြီလို့ ပညာရှင်တွေရဲ့ လေ့လာစမ်းသက်ချက်တွေက အခိုင်အမာ ပြောဆိုနေကြပါတယ်။

WHO အဖွဲ့ ကြီးကလည်း ဒီနည်းကို ထောက်ခံတယ်။

တကယ်လို့ နေ ကောင်းကောင်း ပူတယ်ဆိုရင် ၆နာရီ ဆိုလုံလောက်တယ်လို့ ဆိုတယ်။
မိုးအုံနေမယ် ဆိုရင်တော့ ၂ ရက်လောက်ထား ဘို့လိုတယ်လို့ပြောတယ်။
နေလှမ်းပြီးတဲ့ ရေဘူးတွေ အဖုံးပိတ်လျက် ရက်ရှည်သိမ်းဆည်းထားလို့ရတယ်။
သေ သွားတဲ့ ပိုး ဟာ ပြန်ရှင်မလာနိုင်တာမို့ သန့်ရှင်းစွာ ရက်ရှည်လများသိမ်းဆည်းလို့ ရပါသတဲ့



မင်္ဂလာပါ... လွင်ပြင်မှ ကြိုဆိုပါတယ်....ကျနော်ရဲ့မှတ်စုလေးတွေကို စိတ်ဝင်စားရင် ဖတ်ရှု့နိုင်ပါတယ်..မှတ်သားနိုင်ပါတယ်ဗျာ၊ လေ့လာနေဆဲသူမို့ လိုအပ်တာများ ပြောပြပေးနိုင်ပါတယ်၊ အကူအညီလိုအပ်ရင်လည်း တောင်းနိုင်ပါတယ်၊ ကျနော်ကို lwinpyin5@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ၀င်ရောက်အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်......

No comments:

Post a Comment